/story/183251/the-war-and-the-peace/toc
The War And The Peace | Penana
arrow_back
The War And The Peace
more_vert share bookmark_border
info_outline
format_color_text
toc
exposure_plus_1
Search stories, writers or societies
Continue ReadingClear All
What Others Are ReadingRefresh
X
Never miss what's happening on Penana!
G
The War And The Peace
ThawtarLinn
Intro Table of Contents Top sponsors Comments (0)

[၁]


ဒီကမ္ဘာပေါ်မှာ ဘယ်အစွဲမှ မရှိပဲနဲ့ စစ်တိုက်ကြတယ်လို့ ပြောကြတဲ့သူတွေဟာ လိမ်ကြတာပါပဲ

Thawtar Linn(3miles) 


* * *


[၂]


စစ်ပွဲတစ်ပွဲစာရဲ့ကုန်ကျစရိတ်ဟာ လူငယ်တွေရဲ့အနာဂတ်ကိုသာ မြှင့်တင်ပေးမယ်ဆိုရင် စစ်ပွဲတွေကို တားနိုင်ကြမယ့် ငြိမ်းချမ်းရေးပုဂ္ဂိုလ်တွေ အမြောက်အမြားဟာ ပျော်ရွှင်နဲ့ အသက်ရှင်သန်နိုင်ကြမှာပေါ့

Thawtar Linn(3miles) 


* * *


[၃]


ငြိမ်းချမ်းရေးဟာ ပျော်ရွှင်ခြင်းနိမိတ်ဆိုရင် စစ်ပွဲဟာ သေခြင်းနိမိတ်ထက် မပိုပါဘူး

Thawtar Linn(3miles) 


* * *


[၄]


ငြိမ်းချမ်းရေးကို ကိုယ်စားပြုမယ်ဆိုရင် စစ်ပွဲကို ဘာအတွက်ကြောင့် လိုလားနေရဦးမလဲ စစ်ပွဲကိုလိုလားနေလို့သာ စစ်ပွဲတွေရှည်လျားနေကြတာပဲ

Thawtar Linn(3miles) 


* * *


[၅]


စစ်ပွဲဟာ တိုမှကောင်းတယ်

စစ်ပွဲတွေ‌တိုင်း လူတွေသေမယ်

စစ်ပွဲတွေတိုင်း ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမယ် ဒါဆိုရင် ရှည်လျားသွားမယ့် စစ်ပွဲသာဆိုရင် ဘယ်လောက်များ သေပေးရဦးမလဲ ဘယ်လောက်များ ဆုံးရှုံးပေးရဦးမလဲ တွေးကြည့်ပေါ့

Thawtar Linn(3miles) 


* * *


[၆]


စစ်ပွဲဟာ ‌ပိုင်ဆိုင်လိုမှုကိုဗန်းပြပြီး ကြောက်စရာလှည့်ကွက်ကနေ စရင်စ ဒါမှမဟုတ် ခါးသက်ဖို့ကောင်းတဲ့နာမ်နှိမ်‌ခြင်းတွေကနေ စလာတာပါပဲ

Thawtar Linn(3miles) 


* * *


[၇]


သွေးမြေကျ အသက်တွေခြွေချပြီးတော့ စစ်များခင်းတဲ့စစ်တိုက်ပွဲတွေဟာ သိပ်ကိုတရားလှပါတယ်ဆိုတာ ဘယ်အရာနဲ့များ တရားပါသလဲ မသိဘူး

Thawtar Linn(3miles) 


* * *


[၈]


စိတ်ကူးစိတ်သန့်တွေနဲ့ မနက်ဖြန်၊ မနက်ဖြန်ဆိုပြီးလူသားတွေ ရည်မှန်းထားသမျှကို စစ်လက်နက်က အနာဂတ်ပါမကလို့ အသက်ပါနုတ်ယူသွားတယ် ဒါဆို အဲဒီစစ်ကိုရော အနာဂတ်မရှိအောင် ဖျက်ဆီးပေးပါ

Thawtar Linn(3miles) 


* * *


[၉]


ဆိုးလွန်းတဲ့ခေတ်မှာ စစ်ပွဲဗျူဟာကို တရားမြှောက်အောင်လုပ်တယ်

ဘုရားပေါက်အောင် လိမ်ညာတယ် အငြိုးအတေးတွေနဲ့ဘာသာဆင်တယ် ပြီးတော့ စိတ်ကို စစ်ပွဲဖြစ်အောင်လုပ် သက်ရှိတွေ ကိုယ်စီသတ်နေကြရတယ်

Thawtar Linn(3miles) 


* * *


[၁၀]


နုညက်တဲ့ အချစ်ကိုကိုးကွယ်တတ်မယ်ဆိုရင် ကြမ်းတမ်းတဲ့စစ်ကို


 သူတို့ဘက်ကနေ လိုလားလိမ့်မယ်မဟုတ်ပါဘူး

Thawtar Linn(3miles) 


* * *


Show Comments
BOOKMARK
Total Reading Time: 1 minute
toc Table of Contents
No tags yet.
bookmark_border Bookmark Start Reading >
×


Reset to default

X
×
×

Install this webapp for easier offline reading: tap and then Add to home screen.